မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၀.၇.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့တက်ရောက်ကြပါသည်။ အစည်းအဝေးတက်ရောက်ကြသူများမှ တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပတ်သက်၍ သင်ကြားချိန်သတ်မှတ်နိုင်ရေး၊ ပြဋ္ဌာန်းစာအုပ်များထားရှိနိုင်ရေး နှင့် အဆိုအောင်(၁၁)ချက်အားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ ပါသည်။
ကော်မတီအစည်းအဝေးကို (၂၀.၇.၂၀၁၇)ရက်နေ့၊ ညနေ(၄း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


