2076

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၂.၆.၂၀၁၇)ရက်နေ့နှင့် (၂၃.၆.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်          ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာနှင့်ပတ်သက်ပြီး  မရမ်းကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်ခြမ်း(လက်ရှိ) ဦးမျိုးမြင့်နေထိုင်သောခြံမြေကွက်တွင်နေထိုင်ခဲ့ပြီးနောက် (၁၃၄၀)ခုနှစ်တွင် နိုင်ငံတော်အဆောက်အဦစီမံကိန်းရှိသည်ဟုဆို၍ မိမိကိုယ်ကျိုးကိုသာကြည့်၍ နေထိုင်နေသော ဦးမျိုးမြင့်အားတရားနည်းလမ်းကျကျစိစစ်ဆောင်ရွက်ပေးပါရန်ကိစ္စ၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရာဇာမင်းကုမ္မဏီမှ သဘာဝချောင်းကို ပိတ်ဆို့မြေဖို့ခြင်းကြောင့် ပင်လယ်ရေငံများ လယ်ကွင်းအတွင်းဝင်ရောက်နေပါသဖြင့် လယ်မြေများစုစုပေါင်းဧက (၁၄၉)ကျော်ပျက်စီးခဲ့ရ၍ ဆုံးရှုံးနစ်နာမှုအတွက် အမြန်ဆုံးဖြေရှင်းပေးပါရန်ကိစ္စနှင့် ဘီးလင်းမြို့နယ်၊ ညောင်ပုလင်ကျေးရွာအုပ်စု၊ လမ်းမြေအငြင်းပွားမှု အဖွဲ့အစည်းအသီးသီးက အကြိမ်ကြိမ်စစ်ဆေးပြီးသော်လည်း ပြီးပြတ်အောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်ကိစ္စအား    ပြန်လည်ဖော်ထုတ်စိစစ်ဆောင် ရွက်ပေးပါရန် တိုင်ကြားလာသည့်ကိစ္စအပါအဝင် တိုင်ကြားစာပေါင်း(၈၆)စောင်အား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ကော်မတီအစည်းအဝေးကို (၂၃.၆.၂၀၁၇)ရက်နေ့ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။