5570

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၁၃.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီ ခန်းမတွင်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်  ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏လုပ်ငန်းဆောင်
ရွက်ချက်အစီရင်ခံစာတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၁၃.၈.၂၀၂၀)ရက်နေ့၊ နံနက် (၁၁း ၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။