4986

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၁၀.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်မြို့နယ်များရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ တိုင်းရင်းသားလူမျိုးများရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၁၀.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၂ း ၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။