4362

မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၇.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ  ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေးမှ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ တင်သွင်းခဲ့သော ကတိဝင်အဆိုများနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို (၇.၆.၂၀၁၉)ရက်နေ့၊ နေ့လည်( ၁၁ း ၁၅  )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။