5581

မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၄.၈.၂၀၂၀)ရက်နေ့၊နံနက်(၁၂း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင်
ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ကတိများနှင်တာဝန်ခံချက်များစိစစ်ရေးကော်မတီအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည် ။အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်
အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်၊ (၁၄)ကြိမ်၊ အထူးအစည်းအဝေး(၁/၂၀၁၉)၊ (၁၅)ကြိမ်နှင့် (၁၆)ကြိမ်ပုံမှန်အစည်းအဝေးများတွင် မေးမြန်း
ခဲ့သော မေးခွန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေးကြပါသည်။

အစည်းအဝေးကို(၁၄.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၄၀)နာရီအချိန်တွင်ရပ်နားပါသည်။