မွန်ပြည်နယ်လွှတ်တော် လုုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃၁.၈.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်(၈)ခုတို့ဖြင့် ကျင်းပပြုလုပ်ပါ သည်။
အစီအစဉ်(၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးစတင်ကျင်းပခြင်း၊
အစီအစဉ်(၂) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၃) တိုင်ကြားစာ၊ အမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊
အစီအစဉ်(၄) ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေးကျင်းပခြင်းအတွက်ဆွေးနွေးခြင်း၊
အစီအစဉ်(၅) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးရန်ရှိပါကဆွေးနွေးခြင်း၊
အစီအစဉ်(၆) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ်(၇) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ်(၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြီးမြောက်ကြောင်းကြေညာခြင်း။


