2119

မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

  (၃၀.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ပါသည်။  အစည်းအဝေးအား   အောက်ပါအစီအစဉ်(၇)ခုတို့ဖြင့် ကျင်းပပြုလုပ်ပါသည်-

အစီအစဉ်(၁)    လုပ်ငန်းညှှိနှိုင်းအစည်းအဝေး စတင်ကျင်းပခြင်း၊

အစီအစဉ်(၂)    ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၃)    တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ်(၄)    ရေးရာကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြခြင်း၊

                      (က)    ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

                       (ခ)     တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

 (ဂ)     ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

 (ဃ)    တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

 (င)     ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

 (စ)     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊

 (ဆ)    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

အစီအစဉ်(၅)    အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ်(၆)    ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊

အစီအစဉ်(၇)    လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်းကြေညာခြင်း။