1957

မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃၁.၅.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။  အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ပါသည်။ အစည်းအဝေးအား   အောက်ပါ အစီအစဉ် (၇)ခုတို့ဖြင့် ကျင်းပပြုလုပ်ပါသည်-

အစီအစဉ်  (၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးစတင်ကျင်းပခြင်း၊

အစီအစဉ်  (၂) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှအဖွင့်အမှာစကားပြောကြားခြင်း၊

အစီအစဉ် (၃) တိုင်ကြားစာကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ် (၄) ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊

(က) ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(ခ) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(ဂ) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(ဃ) တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(င) ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(စ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(ဆ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

အစီအစဉ် (၅) အထွေထွေကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ် (၆) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊

အစီအစဉ် (၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြီးမြောက်ကြောင်းကြေညာခြင်း။