မွန်ပြည်နယ်လွှတ်တော် လုုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၆.၇.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်(၉)ခုတို့ဖြင့် ကျင်းပ ပြုလုပ်ပါသည်။
အစီအစဉ်(၁) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၂) ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသလွှတ်တော်သို့ လွှတ်တော်ဆိုင်ရာလုပ်ငန်းစီမံခန့်ခွဲရေးနှင့် လုပ်ထုံးလုပ်နည်း ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များကို သွားရောက်လေ့လာခဲ့သည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးမှ လုပ်ငန်းအတွေ့အကြုံရှင်းလင်းတင်ပြခြင်း၊
အစီအစဉ်(၃) ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသလွှတ်တော်သို့ လွှတ်တော်ဆိုင်ရာလုပ်ငန်းစီမံခန့်ခွဲရေးနှင့် လုပ်ထုံးလုပ်နည်း ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များကို သွားရောက်လေ့လာခဲ့သည့် ပြည်နယ် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ဆွေဆွေထွန်းမှ လုပ်ငန်းအတွေ့အကြုံရှင်းလင်း တင်ပြခြင်း၊
အစီအစဉ်(၄) တိုင်ကြားစာ၊ အမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊
အစီအစဉ်(၅) ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊
(ခ) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊
(ဂ) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဃ) တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(င) ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(စ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(ဆ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၆) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးရန်ရှိပါကဆွေးနွေးခြင်း၊
အစီအစဉ်(၇) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ်(၈) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ်(၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြီးမြောက်ကြောင်းကြေညာခြင်း။



