မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁.၁၁.၂၀၁၇) ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့် ကြည့်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေသဘာဝပတ်ဝန်းကျင် ညစ်ညမ်း နေမှုကိစ္စ ကွင်းဆင်းစိစစ်ခြင်းအစီရင်ခံစာ အား လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းရန်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၂၁.၁၁.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


