2544

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃.၁၀.၂၀၁၇) ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာ ကွယ်စောင့် ကြည့်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ MCL ၊ Long Life ကျောက်မိုင်းများကို ပတ်ဝန်းကျင်ရှုထောင့်က စောင့်ကြည့်လေ့လာမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၃.၁၀.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။