2366

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

 (၂၂.၈.၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီမှအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအားလုံး၊ ကော်မတီဥက္ကဋ္ဌနှင့် ရေးရာကော်မတီဝင်များ၊ဖိတ်ကြားထားသော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးဌာန၊  ပြည်တွင်းအခွန်များဦးစီးဌာန ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ရေအရင်း အမြစ်နှင့်မြစ်ချောင်းများဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှမွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီနှင့် မြစ် သဲကျောက်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လမ်းခင်းကျောက်လုပ်ငန်းများ ဆွေးနွေးမှု အစီရင်ခံစာတင်ပြခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၂.၈.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။