2107

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၉.၆.၂၀၁၇) ရက်နေ့၊ နံနက် (၁၂း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မြစ်သဲကျောက်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ ကျောက်မိုင်းလုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီ၏ကွင်းဆင်းဆောင်ရွက်ချက်များ၊   တွေ့ရှိချက်၊ အကြံပြုချက်နှင့်အတူ အစီရင်ခံစာရေးသားတင်ပြခြင်းကို  အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌမှတဆင့် ဝခရ သို့ ပေးပို့နိုင်ရေးဆွေးနွေးခဲ့ပါသည်။ ထို့နောက်ရေးမြို့နယ်၊ မြစ်သဲကျောက်လုပ်ငန်းများကိစ္စနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်ပြနိုင်ရေးအတွက်   ဆွေးနွေးဆောင် ရွက်ခဲ့ပါသည်။