396

မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာခြင်း

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးကို ၈-၄-၂၀၁၄ မှ ၁၀-၄-၂၀၁၄ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး(ပထမနေ့)တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ (၆)ဦး၊ NEI သင်တန်းကျောင်းမှ သင်တန်းသား/သူ (၁၈)ဦး၊ အစည်းအဝေး (ဒုတိယနေ့)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၁)ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ (၄)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၈)ဦး၊ စုစုပေါင်း (၂၂)ဦး၊ အစည်းအဝေး(တတိယနေ့)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၂)ဦး တက်ရောက်လေ့လာ ခဲ့ကြပါသည်။

၉-၄-၂၀၁၅ ရက်နေ့ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သို့ အံဒင်ကျေးရွာမှ ဆရာတော်(၁)ပါး ဦးဆောင်သော ကျေးရွာသား/သူများ လာရောက်လေ့လာခဲ့ကြပါသည်။

DSC_0582DSC_3452