မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၉.၁.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မော်လမြိုင်မြို့နယ် ဥပဒေပြုရေးအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများတွင် အသိပညာပေးဆွေးနွေးပွဲ များပြုလုပ်မည့်ကိစ္စ၊ ကော်မတီသို့လိပ်မူတိုင်ကြားသည့်တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၉.၁.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


