မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၀.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများဖြစ်သော ( Care Myanmar ၊ ရွှေကျွန်းသာ၊ နွေးထွေးသောရင်ခွင်)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကလေးသူငယ်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၀.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



