4128

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူး၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေနှင့်စပ်လျဉ်း၍ ဘီးလင်းမြို့နယ်၊ ကျောက်ပိဘုရားတောင်တက်မော်တော်ယာဉ်အသင်းအား မြို့နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီသို့ အသင်းဝင်အဖြစ်ဝင်ရောက်ရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးကြပါသည်။

အစည်းအဝေးကို နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။