3669

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃၀.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တို့ တက်ရောက် ကြပါ သည်။

အစည်းအဝေးတွင် ၂၀၁၂ခုနှစ်၊ မွန်ပြည်နယ်ပုဂ္ဂလိကယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေအကောင် အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ဆွေးနွေးကြပါသည်။

အစည်းအဝေးကို နံနက်(၁၁း၄၅)နာရီအချိန်တွင်ရပ်နားခဲ့ပါသည်။