3521

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၇.၆.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့ဝင်များ ၊ မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများတက်ရောက် ကြပါ သည်။

အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေအား ပြင်ဆင်ရန် ဆွေးနွေးကြပါသည်။ အစည်းအဝေးကို(၂၇-၆-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။