မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၈-၁၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင် (၆)ဦးနှင့် သက်ဆိုင်ရာဦးစီးဌာနမှ အရာရှိ (၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ် အသေးစားငွေချေးလုပ်ငန်းဥပဒေ ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၈-၁၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၂း၃၀ )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


