4729

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၈.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဥက္ကဋ္ဌရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦး၊ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၊ ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ သထုံမြို့နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ် ရေးကော်မတီတို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲ ရေးနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၈.၈.၂၀၁၉)ရက်နေ့၊ မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။