4697

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၂.၈.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၂.၈.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၅း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။