မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၅.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ရေးရာကော်မတီခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများမှညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြ ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်၏ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၅.၈.၂၀၁၉)ရက်နေ့၊ နေ့လည်( ၁၁း၀၀ )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


