4180

မွန်ပြည်နယ်လွှတ်တော် ၂၀၁၉ – ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၂.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ၂၀၁၉ – ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် ၂၀၁၉ -၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို နေ့လည်(၁၄း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ကြပါသည်။