မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မုဒုံမြို့နယ် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခြင်း
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိတို့သည် (၁၄.၅.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မုဒုံမြို့နယ်၊ ရွှေဟင်္သာခန်းမ၌ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည်လွှတ်တော်ဆိုင်ရာလုပ်ငန်းများရှင်းလင်းဆွေးနွေးခဲ့ပါသည်။ယင်းနောက်တက်ရောက်လာသော ပြည်သူ လူထုများ၏တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ယင်းတွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ နယ်မြေခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် နယ်မြေခံပြည်သူလူထုများမှ တက်ရောက် ခဲ့ကြပါသည်။


