1717

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သံဖြူဇရပ်မြို့နယ် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခြင်း

(၂၄.၄.၂၀၁၇)ရက်နေ့၊ နံနက်(၁၂း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖွဲ့တို့သည် သံဖြူဇရပ်မြို့နယ်၊ ဓမ္မာရာမတောရကျောင်းတွင် ပိဋကတ်တစ်ပုံအထူးအောင် အရှင်ဓမ္မရက္ခိတာလင်္ကာရအား ဘာသာသာသနာထူးချွန်မှုဂုဏ်ထူးဆောင် ဆုတံဆိပ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်၍ လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် မွန်းလွဲ(၀၁း၃၀)နာရီအချိန်တွင် စက်စဲကမ်းခြေသို့ ရောက်ရှိပြီး စက်စဲရိပ်သာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲအား မွန်းလွဲ(၀၂း၃၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။