မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သံဖြူဇရပ်မြို့နယ် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခြင်း
(၂၄.၄.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ OSS ရုံး၌ ကျင်းပပြုလုပ်သော တွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည် အဖွင့်အမှာစကားပြောကြားခဲ့သည်။
၎င်းတွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ သံဖြူဇရပ်မြို့နယ်မှ လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး၊ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ သံဖြူဇရပ်မြို့နယ်မှ ရပ်မိ/ရပ်ဖများနှင့်ဒေသခံ ပြည်သူများမှ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲအား (၁၁း၄၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။



