မွန်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပြုလုပ်ခြင်း
(၄.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ရေးရာကော်မတီခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်မုဒုံမြို့နယ်ရှိရော်ဘာစက်ရုံ (၈)ရုံ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ကျိုက်ထိုမြို့နယ်ကျောက်မိုင်းများ ကွင်းဆင်းစစ်ဆေးမှုများကို ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၄.၇.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၁၁း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



