3367

မွန်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပြုလုပ်ခြင်း

(၂၃.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊  ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့်မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးတို့တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ  ရေးမြို့နယ်မြစ်သဲကျောက်လုပ်ငန်း၊ တောင်ပြို၍ မြေကြီး တူးရောင်းသည့်ကိစ္စနှင့် သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေသဘာဝပတ်ဝန်းကျင်ညစ်ညမ်းနေမှုများအပေါ် ဆောင်ရွက်ထားရှိမှုအစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၃.၅.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။