မွန်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပြုလုပ်ခြင်း
(၁၄.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ရေးရာကော်မတီခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာ ကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်မှူးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ပေါင်မြို့နယ်၊ ကျုံကကျေးရွာရှိကျောက်မိုင်းကိစ္စ ဆွေးနွေး ခဲ့ပါသည်။
အစည်းအဝေးကို (၁၄.၃.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



