မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၁.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လျှပ်စစ၊်စွမ်းအင်နှင့်စက်မှုဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး (မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး)၊ ညွှန်ကြားရေးမှူး(မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူး (မွန်ပြည်နယ်မြေစာရင်းဦးစီးဌာန)၊ ဦးဆောင်ညွှန်ကြားရေးမှူး(မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း)၊ မွန်ပြည်နယ်(နိုင်ငံပိုင်ပစ္စည်းများ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်)နှင့် ရာဇာမင်းဆီဆိုင် ပိုင်ရှင်တို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ အထူးအစည်းအဝေး(၁/၂၀၁၆)တွင်တင်သွင်းခဲ့သော ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အာဇာနည်ကျောက်တိုင်နှင့်ရာဇာမင်းပိုင်ဓာတ်ဆီဆိုင် ကိစ္စအဆိုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကိုနေ့လည် (၁၂း၀၀)အချိန်တွင် ရပ်နားခဲ့ပါသည်။



