3246

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၅.၄.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင် များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး များတွင် တင်သွင်းခဲ့သည့်အဆိုများအား အစိုးရအဖွဲ့မှ ကတိကဝတ် ပြုထားမှုအခြေအနေနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို မွန်းလွဲ (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။