2645

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၇.၁၁.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်း အဝေးနှင့် ဆဋ္ဌမပုံမှန်အစည်းအဝေးများတွင် မေးမြန်းခဲ့သည့်မေးခွန်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို(၁၇.၁၁.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၄း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။