2233

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၆.၇.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီမှအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌဦးထွန်းမင်းအောင်  နှင့်ကော်မတီအဖွဲ့ဝင် များ၊ စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနှင့် ၎င်းလက်အောက်ရှိမေးခွန်းနှင့်ဆက်စပ်သည့်ပြည်နယ်အဆင့်ဌာန ဆိုင်ရာ(၉)ဌာနမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။  အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဒုတိယ အကြိမ်မွန်ပြည်နယ်လွှတ်တော်မှ ကျင်းပခဲ့သည့်အထူးအစည်းအဝေး (၁/၂၀၁၆)၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊  ပဉ္စမပုံမှန်နှင့် ဆဋ္ဌမပုံမှန်အစည်းအဝေးများတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှမေးမြန်းခဲ့သည့် မေးခွန်း များအပေါ် ပြည်နယ်အစိုးရအဖွဲ့၊စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ အာမခံချက်နှင့်ကတိများ ပြုခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအားညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။