မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၃.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်နှင့် ကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်တက်ရောက်လာသူများမှ ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆိုများ၊ဝန်ကြီးဌာနအလိုက် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများနှင့်ပတ်သက်၍လည်းကောင်း၊ စတုတ္ထပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သောအဆိုများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


