မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၈.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီမှအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဦးထွန်းမင်းအောင်နှင့် ကော်မတီအဖွဲ့ဝင် များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးနှင့် စတုတ္ထပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည့်မေးခွန်းများအား အစိုးရအဖွဲ့မှကတိကဝတ်ပြုထားမှုအခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


