မွန်ပြည်နယ်အတွင်း UN Women နှင့်ဆောင်ရွက်နေသောလုပ်ငန်းများနှင့်ပတ်သက်ပြီး Royal Norwegian Ambassder နှင့်တွေ့ဆုံဆွေးနွေးခြင်း
(၈-၈-၂၀၁၈)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော်နှင့် UN Women အဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသမီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် Royal Norwegain embassy သံအမတ်နှင့် UN Women မြန်မာနိုင်ငံတာဝန်ခံများ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် UN Women မှ Royal Embassy Norwegain ၏ပံ့ပိုးမှုဖြင့် မွန်ပြည်နယ်တွင် မွန်ပြည်နယ်အစိုးရ မွန်ပြည်နယ်လွှတ်တော်နှင့်ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ် အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်တွင် အမျိုးသမီးများ၏ဦးစားပေးကိစ္စရပ်များ ပါဝင်စေခြင်းဆွေးနွေးပွဲများအား မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ဆွေးနွေးပွဲ(၂၄)ခု ကျင်းပပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲ များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးခဲ့သည့် ဆွေနွေးပွဲရလဒ်များနှင့်အတူ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၈.၈.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၃း၀၀)နာရီတွင် ရပ်နားခဲ့ပါသည်။




