မွန်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်မူကြမ်း အတည်ပြုချက်ရယူခြင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
(၂၆.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်မူကြမ်း အတည်ပြုချက်ရယူခြင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်ခဲ့ပါသည် –
(က) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
(ခ) ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊
(ဂ) UN Women
အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအထူးကျွမ်းကျင်သူမှ အမျိုးသမီးများ
ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်ရခြင်း
ရည်ရွယ်ချက်အားရှင်းလင်း
ပြောကြားခြင်း၊
(ဃ) အမျိုးသမီးများငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်နှင့်လုပ်ငန်းများကို ပြန်လည်
သုံးသပ်ခြင်း၊
ဦးဆောင်ကဏ္ဍနှင့်လုပ်ငန်းအချိန်ဇယားများကို ရှင်းလင်းပြောကြားခြင်း၊
(င) အမျိုးသမီးများငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်အား ဆက်လက်ဆွေးနွေးခြင်းနှင့်
ပြန်လည်သုံးသပ်ခြင်း၊
(စ) အမျိုးသမီးများငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်အား မဟာဗျူဟာမြောက်
အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ကွပ်ကဲမှုများဆောင်ရွက်နိုင်ရန်
ဦးဆောင်ကော်မတီဝင်များ၏ပူးပေါင်းဆောင်ရွက်မှုများကို
ကြိုတင်သတ်မှတ်ခြင်း၊
(ဆ) ပြည်နယ်မဲဆန္ဒနယ်များနှင့် အဖွဲ့အစည်းများ၏ဆက်သွယ်နိုင်မှုအပေါ်ဆွေးနွေးခြင်း။



