မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၁၂.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၂၀၁၈ခု ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၂.၃.၂၀၁၈)ရက်နေ့ ၊ နေ့လည် (၁၂း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



