မွန်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေ (လျာထားချက်)အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၁-၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေ (လျာထားချက်) အစည်းအဝေးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်ရသုံးခန့်မှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေ (လျာထားချက်) ကို ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၁၁-၂-၂၀၁၉)ရက်နေ့၊ နံနက် (၁၁း၃၀)အချိန်တွင် ရပ်နားပါသည်။



