မွန်ပြည်နယ်၏ ၂၀၁၉ -၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၂-၄-၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့်ပတ်သက်၍ဆွေးနွေးကြပါသည်။



