4185

မွန်ပြည်နယ် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်မူကြမ်း ဆက်လက်ဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

(၂၃.၄.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် မူကြမ်း ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှတာဝန်ရှိသူများနှင့် UN Women မှတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်မူကြမ်း ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ကြပါသည်။