769

ရေးရာကော်မတီများ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂.၁၂.၂၀၁၅)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ပြီး ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်ပြ ဆွေးနွေးရမည့် အဆို၊ မေးခွန်း၊ ဥပဒေများနှင့် အခြားလိုအပ်သည့် ကိစ္စရပ်များအား ဆွေးနွေး ကြပါသည်။