1746

လူငယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်ဂုဏ်ပြုလက်မှတ်အပ်နှင်းပွဲအခမ်းအနားသို့မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတက်ရောက်ခြင်း

(၂၇.၄.၂၀၁၇) ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်သော ငြိမ်းဖောင်ဒေးရှင်းနှင့် Emerging Leaders Support Program တို့မှ ဦးဆောင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လူငယ်စွမ်းရည်မြှင့်တင်ခြင်း စီမံကိန်း (Youth Empowerment for Community Development Project) ပြီးမြောက်အောင်မြင်ခြင်း အထိမ်းအမှတ်နှင့် စီမံကိန်းဝင်လူငယ် Fellow များအတွက် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ် ဂုဏ်ပြုလက်မှတ် အပ်နှင်းခြင်းအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ တက်ရောက်ကြပါသည်။

ထိုသို့တက်ရောက်စဉ် လွှတ်တော်ဥက္ကဋ္ဌမှ ချီးမြှင့်ဂုဏ်ပြုစကားပြောကြားပြီး  လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှ သင်တန်းသားများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။