2701

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းအကြောင်းရှင်းလင်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း

(၂၉.၁၁.၂၀၁၇) ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းအကြောင်းရှင်းလင်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်းဦးစီး ဌာနမှဝန်ထမ်းများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းအကြောင်းရှင်းလင်း တင်ပြခြင်း၊ မိုင်းအန္တရာယ်အသိပညာပေး သင်ထောက်ကူပစ္စည်းများအေ်ကြာင်း ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်ဆောင်ရွက် သွားသင့်သည့် လုပ်ငန်းစဉ်များအား အကြံပြုလမ်းညွှန်ခြင်းတို့ ပြုလုပ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို (၂၉.၁၁.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။