လွှတ်တော်ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၁-၅-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်၊ သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ (၁၃း၀၀)အချိန်၊ (၁၃း၀၀)အချိန်၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကိုလည်းကောင်း မွန်ပြည်နယ်လွှတ်တော်ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များအနေဖြင့် MIC ဘိလပ်မြေ စက်ရုံတွင် ကျောက်မီးသွေးလောင်စာအသုံးပြုခြင်းနှင့်ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးကို (၁၁-၅-၂၀၁၆)ရက်နေ့၊ (၁၁း၃၀)နာရီ အချိန်တွင် ရပ်နားပါသည်။
ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များမှ ဘဏ္ဍာရေးနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးကို (၁၁-၅-၂၀၁၆)ရက်နေ့၊ (၁၄း၃၀)နာရီတွင် ရပ်နားပါသည်။



