997

လွှတ်တော်ကော်မတီအစည်းအျေဝး ကျင်းပပြုလုပ်ခြင်း

(၅-၅-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီ၊ မွန်ပြည်နယ်လွှတ်တော်ရေးရာအစည်းအဝေးခန်းမတွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကိုလည်းကောင်း၊ (၅-၅-၂၀၁၆)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှူးတို့ တက်ရောက်ကြပြီး ကျောက်မိုင်းလုပ်ငန်းကိစ္စ MCL ဘိလပ်မြေစက်ရုံ ကိစ္စရပ်များ ဆွေးနွေးကြပါသည်။

ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှူးတို့ တက်ရောက်ကြပြီး ဘတ်ဂျက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

IMG_20160505_131309     IMG_20160505_131400