985

လွှတ်တော်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၉-၄-၂၀၁၆) ရက်နေ့၊ (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရေးရာအစည်းအဝေးခန်းမ၌ တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ၊ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီသို့ တင်ပြထားသော တင်ပြစာများ ဆွေးနွေးကြပါသည်။

ဆက်လက်ပြီး (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊
ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်ရုံးဝန်ထမ်းများဖြင့် ရုံးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွှတ်တော်ရုံးသို့ တင်ပြထားသော တင်ပြစာများအား မည်သို့ ဆောင်ရွက်မည်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူက လမ်းတံတား တည်ဆောက်မှု အခြေအနေကို ရှင်းလင်းတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကြပါသည်။

အစည်းအဝေးကို (၁၆း၀၀)နာရီတွင် ရပ်နားပါသည်။

20160429_092727  20160429_113439  20160429_120033