978

လွှတ်တော်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၈-၄-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရေးရာအစည်းအဝေးခန်းမတွင် ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးတွင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တွေ့ဆုံ၍ မိတ်ဆက်ခြင်းဆောင်ရွက်ကြပြီး ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ် ပညာရေးမှူးတို့ တွေ့ဆုံ၍ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

ကော်မတီအစည်းအဝေးများကို (၂၈-၄-၂၀၁၆)ရက်နေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

20160428_101355  20160428_102209  20160428_102343